Monday, August 13, 2012

ကိုယ်.အနံတာခံမယ်ဆိုတဲ.မိန်းခလေး

ကိုယ့်အနွံတာခံမယ်ဆိုတဲ့ မိန်းခလေးရေ
ခဏလေးဂရုမစိုက်မိတာနဲ့
နောက်တစ်ယောက်ကို အဖြေပေးသတဲ့လားကွယ်။

ကိုယ့်ကိုအရွဲ့တိုက်တာပါတဲ့
အဖြေကချိုလှပေမယ့်
ကိုယ့်မှာနာကျင်မိုးမြေမဆုံး။

အခုပဲဖြတ်လိုက်မယ်တဲ့
မင်းတို့ခေတ်ရဲ့ စီးတဲ့အလျင်မှာ
ကိုယ်ကကျန်ခဲ့တာလား
အဲသလောက်လွယ်သလား ခလေးရယ်။

ချစ်သူ=ရန်သူတဲ့
ကိုယ်ကအဝေးကြီး လှမ်းကြည့်နေမိတာ
အနီးဆုံးကိုယ့်နံဘေးကနေ
အရှိုက်ကို အထိုးခံလိုက်ရတော့
ကိုယ့်မှာအသက်ရှူချိန်တောင် မရလိုက်ပါလားကွယ်။

ကိုယ့်ကို သည်းညဉ်းခံမယ်ဆိုတဲ့ မိန်းခလေးရေ
ကိုယ်မှားခဲ့တာ မှန်ပေမယ့်
အဲဒီ့အပြစ်ဒဏ်ကတော့ လေးလွန်းပါတယ်ကွယ်......



ပျော်၇ွင်ပါစေ    ko//////////////

No comments:

Post a Comment